Home
မြန်မာသတင်း
တပ်မ-၇၇ လက်အောက်ခံ ခမရ (၈) က ဒုတပ်ကြပ် ၁ ဦး PDF ထံ အလင်းဝင်
DVB
·
May 31, 2024
Photo - ဗန်းမောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တာဝန်ကျနေတဲ့ တပ်မ ၇၇ လက်အောက်ခံ ခမရ (၈) က ဒုတပ်ကြပ် တဦးဟာ မေလ ၂၄ ရက်နေ့က ဗန်းမောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီကို အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့၊ မြနန္ဒာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ခမရ (၈) ရဲ့ စစ်​ကောင်စီတပ်က ဒုတပ်ကြပ် အဆင့်ရှိတဲ့ ကျော်‌ဇောလင်း ဟာ သူ့တပ်ကနေ ထွက်ပြေးလာပြီး ကျနော်တို့ဆီကို အလင်းဝင်လာတာပါ´´ လို့ ဗန်းမောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့ဇာတိဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဒုတပ်ကြပ်ကျော်‌ဇောလင်း ဟာ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည် ၁ တောင့် ယူဆောင်လာပြီး အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “သူ အလင်း၀င်ဖို့ ကြိုးစားတာကို သူ့အထက်လူကြီးတွေ ရိပ်မိသွားလို့ စစ်တပ်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရတယ်။ နောက်ဆုံး သတ်ဖြတ်ဖို့အထိ လုပ်လာကြလို့ မရ ရအောင် ထွက်ပြေးခဲ့တာလို့ သိရတယ်” လို့ DVB ကို​ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး၀င်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013