မြန်မာနဲ့ ယူကရိန်း အပါအဝင် ဂျော်ဒန်မြစ် အနောက်ဘက်ဒေသက (Holy Land) စစ်ပွဲတွေကြားမှာ အမှန်တကယ် ထိခိုက်ခံစားရမှု အများဆုံးသူတွေဟာ ကလေးငယ်တွေသာ ဖြစ်ကြတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောကြားပါတယ်။
“ကလေးငယ်တွေ ခံစားနေရတယ်၊ စစ်ပွဲထဲမှာ ကလေးတွေ ဒုက္ခရောက်နေကြတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့ မေ ၂၉ ရက် ဗာတီကန်မှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေးပွဲမှာ မိန့်ကြားခဲ့တာပါ။
ဒါ့အပြင် စစ်ပွဲရဲ့ အစဉ်အမြဲ ‘ရက်စက်မှုကြောင့်’ မီးလောင်ဒဏ်ရာတွေနဲ့ ခြေထောက်ပါ ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်းကလေးငယ်တွေကို ဆုတောင်းပေးကြရအောင်လို့ ဖရန့်စစ်က မေတ္တာရပ်ခံခဲ့ပါတယ်။
အစ္စရေး-ပါလက်စတိုင်းရဲ့ ဆိုးရွားလှတဲ့ ဒုက္ခဆင်းရဲတွေကို မမေ့ပျောက်ဖို့အပြင် ဂါဇာစစ်ပွဲကြီး အဆုံးသတ်ဖို့အတွက်ပါ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြန်မာအပါအဝင် စစ်ဖြစ်နေတဲ့ တခြားနိုင်ငံတွေကိုပါ ဖရန့်စစ်က ဆုတောင်းပေးခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ အပိတ်မိန့်ခွန်းထဲမှာတော့ သူရဲကောင်းဆန်တဲ့ ယူကရိန်းအတွက် အာရုံစိုက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters