မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းအားနည်းခဲ့မှုတွေအတွက် ချဲလ်ဆီးနောက်ခံလူ ချာလိုဘတ်ကို ခေါ်ယူပြီးဖြေရှင်းဖို့ ကြိုးပမ်းလာပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ ခံစစ်ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လာမယ့်ရာသီမှာ အလားတူမဖြစ်စေဖို့အတွက် ချဲလ်ဆီးနောက်ခံလူ ချာလိုဘက်ကို ခေါ်ယူဖို့ ကြိုးပမ်းလာကြောင်း Independent သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်နောက်ခံလူ ချာလိုဘက်ကို ချဲလ်ဆီးအသင်းက ဘဏ္ဍာရေးပိုင်း လိုအပ်ချက်အရ ရောင်းချနိုင်ပြီး ပေါင်သန်း ၃၀ လောက်ရမယ်ဆိုရင် လက်လွတ်နိုင် တယ်လို့သိရပါတယ်။
မန်ယူအသင်းမှာ နောက်ခံလူ ဗာရန်းနဲ့လည်း လမ်းခွဲမှာဖြစ်လို့ ချာလိုဘက်နဲ့ အစားထိုးဖို့ ကြိုးပမ်းလာခဲ့တာပါ။
အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်ဟာလည်း မန်ယူအသင်းက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
Photo - Reuters