ချီလီနိုင်ငံမှာ ရှားပါးရောဂါအတွက် သားကို ဆေးကုနိုင်ရေး အမေရိကန်ဒေါ်လာ ၃ သန်းခွဲရဖို့ လချီလမ်းလျှောက်ရင်း ရန်ပုံငွေရှာခဲ့တဲ့ မိခင်တယောက်ဟာ မေ ၂၉ ရက်မှာ သမ္မတ ဂေဘရီယယ် ဘိုးရစ်ခ်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။
ကမီလာ ဂိုမက်ဇ်ဟာ ကြွက်သားတွေ ပုံမှန်မဟုတ်တဲ့ရောဂါ (DMD) ကို ၂၀၂၃ ခုနှစ်ကစပြီး ကုသခဲ့ရတဲ့ သားအတွက် ချီလီနိုင်ငံတောင်ပိုင်း ချီလိုကျွန်းပေါ်က ဇာတိမြို့ကနေ ဧပြီ ၂၈ ရက်မှာ စတင်ထွက်ခွာခဲ့တာပါ။
မိုင် ၈၀၀ ကျော် လမ်းလျှောက်အပြီး ဆေးကုဖို့ အလှူရှင် အလုံအလောက် ရခဲ့ပါတယ်။
ကျောရိုး ကြွက်သားရောဂါ ကုသဖို့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ သဘောတူညီချက် ရအောင်လုပ်ပြီး ရှားပါးရောဂါကုသရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့နဲ့ အလှူငွေတွေအပေါ် အခွန်ကင်းလွတ်ခွင့်ရဖို့ အစိုးရက ဂိုမက်ဇ်ကို ကူညီမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
DMD ရောဂါဟာ ကိုယ်ခန္ဓာက ကြွက်သားအားလုံး တဖြည်းဖြည်း အားနည်းသွားစေပြီး ကလေးဘဝမှာ ဖြစ်တတ်တဲ့ ရောဂါတမျိုးပါ။
ဒီရောဂါကို အမေရိကန်နိုင်ငံမှာသာ ကုသလို့ ရနိုင်သေးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
Source-Reuters