Home
မြန်မာသတင်း
ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော 
DVB
·
May 30, 2024
တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်

ဗိုလ်လောင်းသင်တန်းကျောင်းတွေမှာ ပြင်ပအဖွဲ့အစည်းတွေကို သတင်းပေးတာတွေနဲ့ သင်တန်းကျောင်းမှ ထွက်ပြေးခြင်းမရှိအောင် ထိန်းကျောင်းအုပ်ချုပ်ဖို့ စစ်ခေါင်းဆောင်က မတ် ၂၉ ရက်က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်မှာ ပြောခဲ့တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ ဗိုလ်လောင်းသင်တန်းကျောင်းအချို့ တိုက်ခိုက်ခံမှုတွေမှာ တပ်တွင်းက သင်တန်းသားတွေ ပါဝင်နေပြီး သင်တန်းသားတွေအား ပြင်ပအဖွဲ့အစည်းတွေနဲ့ဆက်သွယ်မှုကို တားမြစ်ဖို့၊ ထွက်ပြေးတာတွေမရှိအောင် ထိန်းကျောင်းအုပ်ချုပ်ဖို့ မှာတာလို့ စစ်ဘက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒီတခေါက် တပ်ချုပ် ပြင်ဦးလွင်လာတာ လပခတိုင်းမှူးကို မန္တလေးတိုင်းဖြစ်နေတဲ့ ပစ်ခတ်မှု ကိစ္စတွေရယ်၊ ဗိုလ်လောင်းသင်တန်းကျောင်းတွေ ရှောတိုက်ဒုံးဒရုန်းနဲ့ ပစ်ခံရတဲ့ကိစွတွေကြောင့် လာတာ။ မိန့်ခွန်းက ပုံမှန်တိုင်းပြောတာ၊ ကျောင်းအုပ်တွေကို သီးသန့်တွေ့ပြီး သင်တန်းသားတွေ သတိထားဖို့၊ ထွက်ပြေးတာ မဖြစ်အောင် ဂရုစိုက်အုပ်ချုပ်ဖို့ မှာတာ။” 

ဒါ့အပြင် စစ်ခေါင်းဆောင်က တိုက်ပွဲတွေမှာ လက်နက်ချအညံ့ခဲ့တဲ့ သင်တန်းသား အရာရှိတွေကြောင့် စစ်တပ် ဂုဏ်သိက္ခာကျရတဲ့အတွက် ဗိုလ်လောင်းတွေကို ခေါင်းဆောင်ကောင်း ဖြစ်အောင် သင်ကြားပေးဖို့ မှာခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ပြင်ဦးလွင် နည်းပညာတက္ကသိုလ်မှာ စစ်ခေါင်းဆောင်နဲ့တူ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကက(ကြည်း)ရုံးမှ အရာရှိကြီးတွေကို  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နဲ့ တပ်နယ်မှူး ဗိုလ်မှူးချုပ် ၃ ဦးက လာရောက်တွေ့ဆုံခဲ့တယ်လို့ ပြင်ဦးလွင်တပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လပခတိုင်းလည်း ငွေကြေးကောက်တဲ့ကိစွတွေနဲ့ အတိုင်ခံထားရတယ်။ ဗိုလ်လောင်းသင်တန်းကျောင်းကို လာတဲ့ကိစ္စထက် လပခတိုင်းက ဗျူဟာမှူးအချို့ကို လာစစ်တယ်လို့လည်း သတင်းကြားတယ်။” 

စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဟာ ပြင်ဦးလွင်စစ်ဆေးရုံမှာ ဆေးကုသနေတဲ့ အရာရှိ၊ စစ်သည်တွေအား ကြည့်ရှုစစ်ဆေးပြီး ကုသမှုလိုအပ်သူတွေကို ရန်ကုန်နဲ့ နေပြည်တော် စစ်ဆေးရုံတွေကို ပြောင်းရွှေ့ကုသဖို့ ညွှန်ကြားခဲ့တယ်လို့ တပ်နယ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၄ ခု ဖေဖော်ဝါရီမှ မေလအတွင်း စစ်ကောင်စီက ဗိုလ်ချုပ် ၅ ဦးကို ထောင်ဒဏ် ၅ နှစ်၊ ၁၀ နှစ် အမိန့်ချခဲ့ပြီး ဗိုလ်မှူးကြီး ၁၉ ဦးအား နေရာပြောင်းရွှေ့ကာ ဗိုလ်ချုပ် ၅ ဦးကိုတော့ အရန်အင်အား ပို့ဆောင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013