Home
နိုင်ငံတကာ
ဆမ်ဆောင်းကို အလုပ်သမားများသမဂ္ဂ သပိတ်မှောက်မည်
DVB
·
May 30, 2024

တောင်ကိုရီးယားနိုင်ငံအတွင်း ဆမ်ဆောင်း အီလက်ထရောနစ် ကော်ပိုရေးရှင်းက အလုပ်သမားတွေ သပိတ်မှောက်တာ စမယ်လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မေ ၂၉ ရက်မှာ ကြေညာပါတယ်။

ကနဦး ဆန္ဒပြတဲ့အနေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေဟာ  ဇွန် ၇ ရက်ကစပြီး နှစ်ပတ်လည်ခံစားခွင့် ယူကြဖို့ကို လည်း အကြံပြု လိုက်ပါတယ်။

သမဂ္ဂထဲမှာ ကုမ္ပဏီရဲ့ လုပ်သားအင်အား ငါးပုံတပုံဖြစ်တဲ့ ဝန်ထမ်း အယောက် ၂၈၀၀၀  ရှိနေတယ်လို့ သမဂ္ဂ အရာရှိတွေက ပြောပါတယ်။

အလုပ်သမားဖိနှိပ်မှုနဲ့ သမဂ္ဂကို ဖိနှိပ်မှုတွေကို ဆက်ပြီးသည်းမခံနိုင်တော့ဘူးလို့ ရေးထားတဲ့ နဖူးစည်း စာတမ်းကို ကိုင်ဆောင်ရင်း သမဂ္ဂအရာရှိတွေပါတဲ့အုပ်စုက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဆမ်ဆောင်း အီလက်ထရောနစ်က ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။

တောင်ကိုရီးယား နည်းပညာလုပ်ငန်းကြီး ဆမ်းဆောင်းရဲ့ သမဂ္ဂအဖွဲ့ဝင်လုပ်သားအယောက် ၂၀၀၀ ကျော်က ဆိုးလ်မြို့တော်မှာ အရင်အပတ်က စုရုံးခဲ့ကြပြီး လုပ်ခလစာ ပိုကောင်းကောင်း ပေးဖို့ တောင်းဆိုရင်း ရှားရှားပါးပါး ချီတက် ဆန္ဒပြခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024