ဟောင်ကောင် အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့ဟာ လုံခြုံရေးဥပဒေသစ်အရ သွေးထိုးလှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ မေလ ၂၈ ရက်က အကျဉ်းချခံထားရတဲ့ ဒီမိုကရေစီလိုလားသူ တဦးအပါအဝင် လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးဝန်ကြီး ခရစ္စတန်က သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သံသယရှိသူ ၆ ဦးဟာ ဟောင်ကောင်နဲ့ တရုတ်အစိုးရတွေကို အမုန်းပွားစေဖို့နဲ့ တရားစီရင်ရေးတို့ကို ဆန့်ကျင်ဖို့အတွက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို သုံးစွဲလှုံ့ဆော်ခဲ့ကြောင်း တန် က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တယောက်ဟာ နာမည်ကြီးရှေ့နေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ချိုးဟန်းတုန်း ဖြစ်ပြီး သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက လုံခြုံရေး အမြင့်ဆုံး အမျိုးသမီးအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး ဥပဒေ အသစ်ဟာ နိုင်ငံတကာဘဏ္ဍာရေးအချက်အချာကျတဲ့ ဟောင်ကောင်ရဲ့ အခွင့်အာဏာကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဝေဖန်နေခဲ့ပေမဲ့ မတ်လတုန်းက ပေကျင်းလိုလားတဲ့ လွှတ်တော်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်က ဗြိတိန်က လွတ်လပ်စွာ ပြောဆိုခွင့် အပါအဝင် သူ့ရဲ့လွတ်လပ်ခွင့်တွေကို အနှစ် ၅၀ အာမခံထားပြီး “တနိုင်ငံ၊ စနစ်နှစ်ခု” ဖော်မြူလာနဲ့ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကို တရုတ်ကို ပြန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်ကတည်းက ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်လာတဲ့အပေါ် ဝေဖန်မှုတွေဟာ သဘောထားကွဲလွဲမှုတွေကို နှုတ်ဆိတ်စေခဲ့ပြီး လစ်ဘရယ်မီဒီယာရုံးတွေနဲ့ NGO တွေ ပိတ်ပစ်ခံခဲ့ရပေမဲ့ အဖမ်းအဆီးတွေက ဆက်ရှိနေတာကြောင့် ဟောင်ကောင်ရဲ့ တိုးတက်မှု အရှိန်အဟုန် လျော့ကျခဲ့ရပြီး မြို့တော်ရဲ့ စီးပွားရေးအလားအလာကိုလည်း ထိခိုက်စေခဲ့ပါတယ်။