မြန်မာ့ ကျွဲ၊ နွား တင်သွင်းမှာ ပြန်စနိုင်ဖို့အတွက် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ရှိ နွား၊ ကျွဲနဲ့ ဆိတ် မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ကျွဲ၊ နွား ထိန်းသိမ်းခြံတွေကို ထိုင်းနိုင်ငံစိုက်ပျိုးရေးနဲ့ သမဝါယမ အကြံပေးပုဂ္ဂိုလ် ဘွန်းစီ ဝပ်ရီးလတ်က မတ် ၂၉ ရက်မှာ လာရောက် စစ်ဆေးသွားပါတယ်။
မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ ကျွဲ၊ နွား၊ ဆိတ်တွေကို ထိန်းသိမ်းတဲ့ မြဝတီမြို့မြောက်ဘက် တဘက်ကမ်း ဝမ်းဖါနွားခြံ အမှတ် ၂၃ သဘာဝဂိတ်ကို သွားရောက်စစ်ဆေးပြီး မဲဆောက်မြို့က ကျွဲ၊ နွား၊ ဆိတ် ဈေးကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေ၊ နယ်စပ်တာဝန်ရှိသူတွေ၊ အခွန်ဦးစီးဌာနတာဝန်ရှိသူတွေ နဲ့ ကျန်းမာရေးဌာနတို့က လိုက်ပါစစ်ဆေးခဲ့ပါတယ်။
မဲဆောက်မြို့ဘက်ကို မြန်မာနိုင်ငံကနေ ကျွဲ၊ နွားနဲ့ ဆိတ်ကို တပတ်လျှင် အကောင်ရေ ၃၀၀၀ မှ ၇၀၀၀ တင်ပို့လေ့ရှိပြီး တလကို အကောင်ရေ ၂၀,၀၀၀ လောက်တင်ပို့နေတာပါ။
မြန်မာနိုင်ငံက တင်သွင်းတဲ့ ကျွဲ၊ နွားနဲ့ ဆိတ်တွေကို ပြန်လည်မွေးမြူကြသလို တရုတ်၊ မလေးရှား၊ လေနဲ့ ဗီယက်နမ်နိုင်ငံတွေကို တဆင့်ပြန်ရောင်းတာလည်း ရှိပါတယ်။
မြန်မာဘက်မှ ကျွဲ၊ နွား၊ ဆိတ် တင်သွင်းမှုကို ထိုင်းနိုင်ငံက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပိတ်ပင်ခဲ့ပြီး အခုနှစ်မှာ ပြန်လည် ခွင့်ပြုမှာ ဖြစ်ပါတယ်။