နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဟာ ယူကရိန်းနိုင်ငံထဲက ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေး စက်ရုံ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး ရုရှားနဲ့ နားလည်မှုတရပ် ရယူနိုင်ခဲ့တယ်လို့ IAEA အကြီးအကဲ ရာဖှယ်ဂရောက်ဇီကို ကိုးကားပြီး ရုရှားအစိုးရပိုင် သတင်းအေဂျင်စီ TASS က မေ ၂၈ ရက် မှာဖော်ပြပါတယ်။
IAEA အကြီးအကဲဟာ ရုရှားနိုင်ငံ အနောက်ပိုင်း ကလီနင်ဂရက်မြို့က ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်း ရိုဇာတွန်မ်က ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးနေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံထဲ ကျူးကျော် ဝင်ရောက်ပြီး ပထမပတ်က စလို့ ဥရောပရဲ့ အကြီးဆုံး ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို သိမ်းပိုက်ခဲ့ပါတယ်။
Source/Photo - REUTERS/Alina Smutko