Home
နိုင်ငံတကာ
ဂျပန်တော်ဝင်မင်းသမီး ဂရိခေါင်းဆောင်များနှင့် တွေ့ဆုံ
DVB
·
May 29, 2024
Japan's Princess Kako meets Greek leaders in trip to build ties

ဂျပန်တော်ဝင်မင်းသမီး ခါကိုဟာ ဂျပန်-ဂရိ ဆက်ဆံရေး ၁၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂရိနိုင်ငံဆီ သီတင်းတပတ်ကြာ အလည်အပတ်ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် သမ္မတ ကတ်တေရီနာ စကယ်လာရိုပိုလိုနဲ့ ၀န်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကီစ်တို့ကို မေ ၂၈ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဧကရာဇ် နာ့ရုဟိတိုရဲ့ တူမတော် မင်းသမီး ခါကိုဟာ ဂရိသမ္မတနဲ့ တွေ့ဆုံချိန်မှာ ဂျပန် ဧကရာဇ်မင်းမြတ်ဆီက ကြိုဆိုနှုတ်ခွန်းဆက်လွှာကို ဖတ်ကြားခဲ့ပါတယ်။

ဂျပန်တော်ဝင်မင်းသမီး ခါကိုဟာ ဂရိဝန်ကြီးချုပ်နဲ့ ဇနီးတို့ကိုလည်း ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ ပါတယ်။

သူ့ခရီးစဉ်ဟာ ၂၀၂၄ မှာ ဂျပန်နဲ့ ဂရိအကြား "ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်" အထိမ်းအမှတ်အဖြစ် သတ်မှတ်ရေး ဂရိဝန်ကြီးချုပ်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ၂၀၂၃ ခုနှစ်တည်းက အစပျိုးခဲ့တဲ့ အစီအစဉ် တတစိတ်တပိုင်းလည်းဖြစ်ပါတယ်။

တနင်္လာနေ့မှာ ခါကိုဟာ အေသင်မြို့တော်က အမျိုးသားပြခန်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး အက္ခရိုပိုလစ် ပြတိုက်ဆီ သွားခဲ့သလို အဲဒီနောက် စာလာမီနာကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းဆီကိုလည်း သွားရောက် ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ဂျပန်အိမ်ရှေ့မင်းသား ဖှုမိဟိတိုနဲ့ အိမ်ရှေ့ မင်းသမီး ခိကိုတို့ရဲ့  သမီးဖြစ်သူ ခါကိုရဲ့  တတိယမြောက် တရားဝင်ပြည်ပခရီးစဉ်ဖြစ်တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024