Home
နိုင်ငံတကာ
ပီရူးတွင် ယူအေအီးကို သယ်သွားမည့် ရွှေချောင်း ၄ ချောင်း ဖမ်းမိ
DVB
·
May 28, 2024
Four gold bars bound for UAE seized in Peru

ပီရူးအာဏာပိုင်တွေဟာ အာရပ်စော်ဘွားများပြည်ထောင်စုကို ယူဆောင်သွားမယ့် အလေးချိန် ၄၅ ဒသမ ၃၈ ကီလိုရှိ ရွှေချောင်း ၄ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက မေ ၂၆ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီရွှေတွေဟာ တရားမဝင် ခိုးတူးတာကနေ ရလာတာလို့လည်း စွပ်စွဲထားပါတယ်။

အစိုးရရှေ့နေရုံးရဲ့ အဆိုအရ အဲဒီရွှေတွေကို တရားဝင်စာရွက်စာတမ်းတွေ မတင်ပြထားတဲ့ ပို့ကုန်ကုမ္ပဏီတခုဆီကနေ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

အဲဒီကုမ္ပဏီဟာ ရွှေချောင်းတွေကို ကုန်သွယ်ရေးကုမ္ပဏီတခုဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီကုန်သွယ်ရေးကုမ္ပဏီဟာ တရားသူကြီးတဦး၊ လွှတ်တော်အမတ်ဟောင်းတဦးနဲ့ အစိုးရရှေ့နေတဦးတို့ ပါဝင်တဲ့ တာဝန်ရှိသူတွေက စီမံခန့်ခွဲတဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းရဲ့ တစိတ်တပိုင်းလို့ စွပ်စွဲခံထားရကြောင်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီရွှေတွေကို တောင်ပိုင်း ပူနိုပြည်နယ်ရှိ ရွှေတွင်းတွေကနေ ထုတ်ယူခဲ့တာဖြစ်ပြီး အခု စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေချိန်မှာ ဘဏ်တိုက်အတွင်း သိမ်းဆည်းထားကြောင်း သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024