Home
နိုင်ငံတကာ
ပါကစ္စတန်တွင် အပူလှိုင်း‌ကြောင့် စံချိန်တင် အပူချိန်မြင့်တက်
DVB
·
May 28, 2024
Pakistan temperatures cross 52 C as heatwave continues in Mohenjo Daro

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်မှာ အပူချိန် ၅၂ ဒီဂရီ ဆဲလ်စီးယပ်စ်ကို ကျော်လွန်မြင့်တက်ခဲ့လို့ ဆက်ရှိနေဆဲ အပူလှိုင်းအတွင်း စံချိန်တင် အပူချိန် မြင့်တက်လာတာလို့ မိုးလေဝသဌာနက မေ ၂၇ ရက်မှာ ပြောပါတယ်။

ခရစ်မပေါ်မီ နှစ် ၂၅၀၀ တည်းက တည်ခဲ့တဲ့ အင်ဒုမြစ်ဝှမ်းက မိုဟန်ဂျိုဒါရိုမြို့မှာ အပူချိန်က ၅၂ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ မြင့်တက်ခဲ့တယ်လို့ ပါကစ္စတန် မိုးလေဝသဌာန အကြီးတန်းအရာရှိ ရှဟိဒ် အာဘတ်စ်က ပြောပါတယ်။

နွေရာသီ အမြင့်ဆုံးအပူချိန် အနေနဲ့ မြို့ထဲမှာ ၅၃ ဒသမ ၅ နဲ့ နိုင်ငံထဲမှာ ၅၄ ဒီဂရီ ဆဲလ်စီးယပ်စ်တွေထိ အသီးသီးမြင့်တက်ခဲ့ပါတယ်။

မိုဟန်ဂျိုဒါရိုမြို့ဟာ အစွန်းရောက် နွေအပူချိန်နဲ့ အားပျော့တဲ့ ဆောင်းရာသီ၊ နည်းပါးတဲ့ မိုးရေချိန်တွေကို ကြုံတွေ့နေရတာပါ။

စျေးကွက်က အကန့်အသတ်နဲ့သာ ရှိပေမဲ့ လက်ရှိအပူလှိုင်းကြောင့် ဆိုင်တွေမှာ လူသူ ခြောက်ကပ်နေပါတယ်။

အပူလှိုင်းက မကြာခင် မိုဟန်ဂျိုဒါရိုမြို့နဲ့ ပတ်ဝန်းကျင်ကနေ ဆုတ်ခွာသွားဖို့ မျှော်လင့်ထားပေမဲ့ ဆင်းဒ်ပြည်နယ်နဲ့ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိတို့ကို နောက်တချီ အပူလှိုင်းဖြတ်ဖို့ မျှော်လင့်ထားပါတယ်။

အာရှတလွှား အရင်လက အစွန်းရောက် အပူချိန်ဟာ လူကြောင့်ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ ရလဒ်ဖြစ်နိုင်ချေ အများဆုံးပဲလို့ နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့တဖွဲ့က ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Akhtar Soomro

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013