Home
နိုင်ငံတကာ
အမေရိကန်ရေတပ် ဖျက်သင်္ဘော ၂ စင်းနှင့် သင်္ဘော ၃ စင်းကို ဟူသီသူပုန် တိုက်ခိုက်
DVB
·
May 28, 2024
AmericanShipDestroy_28052024

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေဟာ အိန္ဒိယသမုဒ္ဒရာထဲက သင်္ဘော ၂ စင်း၊ ပင်လယ်နီထဲက အမေရိကန်ရေတပ် ဖျက်သင်္ဘော ၂ စင်းနဲ့ တခြားသင်္ဘော ၁ စင်းတို့ကို မေ ၂၇ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာက ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်း ပြတဲ့အနေနဲ့ တိုက်ခိုက်တာလို့လည်း ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေက အိန္ဒိယသမုဒ္ဒရာထဲမှာ လာရေဂိုး ဒဲဇက်နဲ့ MSC မေချေလာတို့ ဖြစ်ပြီး ပင်လယ်နီထဲက မီနာဗာ လီဆာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ပင်လယ်နီထဲက အမေရိကန် ဖျက်သင်္ဘောတွေရဲ့ နာမည်ကိုတော့ သူတို့က ထုတ်မပြောပါဘူး။

သင်္ဘောကုမ္ပဏီတွေကရော အမေရိကန်စစ်တပ်ကပါ အဲဒီဒေသတွေက ဘယ်လို တိုက်ခိုက်မှုကိုမှ ချက်ချင်း အတည်မပြုသေးပါဘူး။

ဟူသီအုပ်စုရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ဒီတိုက်ခိုက်မှုက ဘယ်အချိန်မှာ ဖြစ်သွားတယ်ဆိုတာ မဖော်ပြပေမဲ့ သင်္ဘောတွေကို ဒုံးကျည်တွေနဲ့၊ အမေရိကန်ဖျက်သင်္ဘောတွေကိုတော့ တိုက်ခိုက်ရေးဒရုန်းတွေကို သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

ဒီအဖွဲ့ဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီဒေသမှာ ဒရုန်းနဲ့ ဒုံးကျည်တွေကို သုံးပြီး အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယသမုဒ္ဒရာအထိ ချဲ့ထွင်ခဲ့တာပါ။

မြေထဲပင်လယ်ထဲမှာပါ အစ္စရေးဆိပ်ကမ်းတွေဆီလာတဲ့ ဘယ်သင်္ဘောကိုမဆို တိုက်ခိုက်သွားမယ်လို့လည်း သူတို့က ပြောပါတယ်။

ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သင်္ဘောတင်ပို့သူတွေဟာ အာဖရိကတောင်ပိုင်းတဝိုက် ရှည်လျားပြီး စျေးပိုကြီးတဲ့ ခရီးလမ်းကြောင်းတွေဆီ ကုန်ပစ္စည်းတွေကို လမ်းကြောင်းပြောင်း ခိုင်းစေနေရပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲကို ပြန့်ပွားစေပြီး အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေမှာကို စိုးရိမ်နေကြပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း သူတို့သင်္ဘောတွေကို တိုက်ခိုက်တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့  ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024