Home
နိုင်ငံတကာ
ဗြိတိန် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရပါက စစ်မှုမထမ်းမနေရစနစ် ဖော်ဆောင်မည်
DVB
·
May 27, 2024
UK Conservatives pitch_27052024

လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ ကျင်းပမယ့် ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီသာ အနိုင်ရခဲ့ရင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရစနစ် ဖော်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က ကြေညာလိုက်ပါတယ်။

အသက် ၁၈ နှစ်ပြည့်သူတွေဟာ လူ ၃၀,၀၀၀ တနှစ်စစ်မှုထမ်းရမယ့်အထဲမှာ မပါဝင်ချင်ဘူး ဆိုရင်လည်း တလကို နှစ်ရက်၊ တနှစ်တိတိ စေတနာ့ဝန်ထမ်း လူမှုကူညီရေးတွေ လုပ်ပေးရမှာ ဖြစ်တယ်လို့ ဆူးနတ်ခ်က ဆိုပါတယ်။

ရွေးကောက်ပွဲနိုင်ဖို့ ရေပန်းစားနေတဲ့ လေဘာပါတီခေါင်းဆောင် ကီယာ စတာမာက အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်တွေကို မဲပေးပိုင်ခွင့်ပြုဖို့ လိုလားတယ်လို့ ပြောကြားခဲ့အပြီးမှာ ဆူးနတ်ခ်ကလည်း လူငယ်နဲ့ပတ်သက်တဲ့ ပေါ်လစီသစ်ကို ချပြခဲ့တာဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရလုပ်ရင် ကုန်ကျမယ့်စရိတ်ကို အခွန်ရှောင်မှုတွေ နှိမ်နင်းရာက ရတဲ့ ရန်ပုံငွေနဲ့ ပံ့ပိုးသွားမယ်လို့လည်း ဆူးနတ်ခ်က ဆိုပါတယ်။

စစ်မှုမထမ်းမနေရစနစ်ကို ရှောင်လွှဲဖို့ ကြိုးစားသူတွေကို ပြစ်မှုကြောင်းအရ အရေးယူတာမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး ဂျိမ်းစ် ကလီဗာလေက ဆိုပါတယ်။

ဒါပေမဲ့ လိုက်နာအောင် ဖိအားပေးဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

Source/Photo-REUTERS/Molly Darlington/Pool

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013