Home
မြန်မာသတင်း
ရန်ကုန်တွင် ဆန္ဒပြနေစဉ် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
May 27, 2024
HlaingProtest_27052024

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တနေရာမှာ မေ ၂၆ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြနေစဉ်အတွင်း ဒလန်သတင်းပေးမှုကြောင့် ဆန္ဒပြအဖွဲ့တွေ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ Yangon UG အဖွဲ့ကနေ သိရပါတယ်။

ဥယျာဉ်မှူးစစ်ဆင်ရေးအနေနဲ့ “တရားတဲ့သူသာနိုင်ကြေးဟေ့” ဆိုတဲ့ စာသားနဲ့ သပိတ်ဘန်နာစာသား ချိတ်ဆွဲတဲ့အပြင် ၂၀၀၈ ခြေဥစာအုပ်ကို မီးတင်ရှို့နေစဉ်အတွင်း အနီးနားက ဒလန်ရဲ့ တိုင်ကြားမှုကြောင့် စစ်ကောင်စီတပ်တွေ ရောက်လာပြီး ‌သေနတ်နဲ့ ၃ ချက်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ဆန္ဒပြအဖွဲ့သားတွေ တယောက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေ ၁၄ ရက် ညပိုင်းကလည်း YGN UG အဖွဲ့က ဥယျာဉ်မှူးစစ်ဆင်ရေးအနေနဲ့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013