Home
နိုင်ငံတကာ
ရာဖာ ရွှေ့ပြောင်းစခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၃၅ ဦး သေဆုံး 
DVB
·
May 27, 2024
Fire rages following an Israeli strike on an area designated for displaced Palestinians, in Rafah

ဂါဇာကမ်းမြောင်တောင်ပိုင်း၊ ရာဖာမြို့က ရွှေ့ပြောင်းတွေအတွက် သတ်မှတ်ပေးထားတဲ့ စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်လို့ ပါလက်စတိုင်း ၃၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အစ္စရေးတပ်မတော် (IDF) ကတော့ ရာဖာက ဟားမတ်စ်အဖွဲ့တွေနေတဲ့ ဝင်းတခုကို လေတပ်က တိုက်ခိုက်ခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။

တိကျတဲ့ ခဲယမ်းနဲ့ တိကျတဲ့ ထောက်လှမ်းရေးသတင်းကို အခြေခံပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်ရဲ့ အနောက်ဘက်ကမ်းဒေသ စစ်ဦးစီးမှူးနဲ့ အစ္စရေးကို တိုက်ခိုက်ရာမှာ ပါခဲ့တဲ့ ထိပ်တန်းတာဝန်ရှိသူတဦးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုရဲ့ ရလဒ်နဲ့ မီးလောင်ကျွမ်းမှုကြောင့် အဲဒီဧရိယာက အရပ်သား အများအပြား ထိခိုက်တယ်လို့လည်း သတင်းရကြောင်း IDF က ထုတ်ပြန်ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်မှုမှာတော့ ရာဖာမြို့ အနောက်ပိုင်းက ရွှေ့ပြောင်းတွေခိုလှုံရာ ရပ်ကွက်ကို ထိမှန်တယ်လို့ ဆိုပါတယ်။

အဲဒီရပ်ကွက်ဟာ အစ္စရေးစစ်တပ်တွေ ရာဖာမြို့အရှေ့ပိုင်းကို မြေပြင်ထိုးစစ်ဆင်နေလို့ ထွက်ပြေးနေရတဲ့သူ ထောင်ချီခိုလှုံနေတဲ့နေရာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တဲတွေရော တဲထဲကလူတွေပါ မီးလောင် ပျော်ကျကုန်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013