Home
နိုင်ငံတကာ
ခွေးလေးများအတွက် ပထမဆုံး ဇိမ်ခံလေကြောင်းလိုင်း စတင်ပြေးဆွဲ
DVB
·
May 27, 2024
LuxuryDogAirline_27052024

BARK Air အမည်ရ ခွေးလေးတွေအတွက် ပထမဆုံးလေကြောင်းလိုင်းကို နယူးယောက်ခ်မြို့ကနေ လော့စ်အိန်ဂျလိစ်မြို့အထိ စတင်ပျံသန်းနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်မှာ စတင်ပြေးဆွဲခဲ့တဲ့ ဒီလေကြောင်းလိုင်းဟာ ခရီးသည်တွေနဲ့ ခွေးလေးတွေအတွက် အရုပ်တွေ၊ မုန့်တွေနဲ့အတူ အဆင့်မြင့် ဇိမ်ကျစွာ ပို့ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေဆိပ်မှာရောက်ရှိကြောင်း Check-In စာရင်းသွင်းတဲ့အခါ မြန်ဆန်မှာဖြစ်သလို လေယာဉ်ပေါ်မှာလည်း ခွေးလေးတွေအတွက် နှိပ်နယ်ပေးတဲ့ SPA ဝန်ဆောင်မှု ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလေယာဉ်ပေါ်မှာ လူ ၁၄ ဦးနဲ့ ခွေး ၁၀ ကောင်သာ စီးနင်းနိုင်တာကြောင့် လက်မှတ် ၁၀ စောင်ထက်ပိုပြီး မရောင်းချဘူးလို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဘာ့ခ် လေကြောင်းလိုင်းက နယူးယောက်ခ်၊ လော့စ်အိန်ဂျလိစ်နဲ့ လန်ဒန် စတဲ့မြို့တွေကို ပြေးဆွဲပေးနေပြီး ပြည်ပခရီးစဉ်အတွက် ဒေါ်လာ ၈,၀၀၀ နဲ့ ပြည်တွင်းခရီးစဉ်အတွက် ဒေါ်လာ ၆,၀၀၀ အထိ ကျသင့်မှာဖြစ်ပါတယ်။

ဒီစျေးနှုန်းအရ သခင်ဖြစ်သူတဦးနဲ့ ခွေးတကောင် လိုက်ပါနိုင်တဲ့အပြင် လုပ်ငန်းချဲ့ထွင်လာတာနဲ့အမျှ လက်မှတ်ခစျေးတွေပါ လျှော့ချပေးဖို့ရှိတဲ့အကြောင်း လေကြောင်းလိုင်းအနေနဲ့ အတည်ပြုပါတယ်။

ဒါ့အပြင် ဘာ့ခ်လေကြောင်းလိုင်းက ခရီးစဉ်အသစ်တွေအတွက် တောင်းဆိုမှုပေါင်း ၁ သောင်းခွဲကျော်ကို လက်ခံရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဲရစ်၊ မီလန်၊ ချီကာဂို၊ ဆီအက်တယ်မြို့တွေ အပါအဝင် ဖလော်ရီဒါနဲ့ အရီဇိုးနား ပြည်နယ်တွေမှာပါ ရာသီအလိုက် ခရီးစဉ်ပြေးဆွဲပေးဖို့ ကုမ္ပဏီဘက်က စဉ်းစားနေကြောင်း သိရပါတယ်။

Source/Photo - REUTERS/Eduardo Munoz

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013