မန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေသာမရှိခဲ့ရင် ကစားပုံကောင်းအောင် လုပ်ဆောင်နိုင်ကြောင်း FA ဖလားဗိုလ်လုပွဲအပြီးမှာ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၃ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာပါ။
ဗိုလ်လုပွဲမှာ မက်ဂွဲယားနဲ့ မလာစီယာတို့ကလွဲရင် လူစုံအသုံးပြုနိုင်ခဲ့ပြီး အဲဒီလိုသာ ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ကစားပုံကောင်းအောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ဘောလုံးရာသီတလျှောက်လုံး မီဒီယာတွေကို ပြောခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြော ပါတယ်။
ချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပြီး အသင်းရဲ့ စရိုက်လက္ခဏာကို ပြသနိုင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
သူကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီအတွင်းမှာ ၃ ပွဲ၊ ၄ ပွဲ လောက်သာ ကစားသမား အစုံအလင် အသုံးပြုနိုင်ခဲ့ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo - Reuters