မန်ယူအသင်းဟာ FA ဖလားရယူနိုင်ခဲ့မယ်ဆိုရင်တောင် နည်းပြအဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မန်ယူအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့ရင်တောင် နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ၁၄ ပွဲအထိ စံချိန်တင်ရှုံးနိမ့်ခဲ့ရသလို အမှတ်ပေးဇယားမှာ အဆင့် ၈ နဲ့ပဲ ရာသီသိမ်းခဲ့တာကြောင့် အသင်းဘက်က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။
တချိန်တည်းမှာပဲ နည်းပြသစ်ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေလုပ်ဆောင်နေပြီး သောမက်စ်တူဟယ်၊ ပိုချက်တီနို၊ မက်ကမ်နာ၊ သောမက်စ်ဖရန့်ခ်၊ ဂရေဟမ်ပေါ်တာ အစရှိတဲ့နည်းပြတွေထဲက အဆင်ပြေနိုင်မယ့် နည်းပြတဦးကို ခေါ်ယူခန့်အပ်မယ်လို့ သတင်းထွက်နေပါတယ်။
Photo-Reuters