ရိုးမေးနီးယားနိုင်ငံက ခရီးသွားတွေ အလာများတဲ့ တောင်ထိပ်ပေါ်မှာ မိုးပျံဂျက်ဝတ်စုံ ဝတ်ဆင်ပျံသန်းတဲ့ ဆေးအကူတဦးက အချိန်အမြန်ဆုံး သရုပ်ပြကယ်ဆယ်မှုလုပ်ပြီး စံချိန်တင်လိုက်ပါတယ်။
ပုံမှန် နှစ်နာရီခွဲကြာမြင့်တဲ့ လုပ်ငန်းစဉ်ကို နှစ်မိနစ်နဲ့ အောင်အောင်မြင်မြင် လုပ်ပြခဲ့တာ ဖြစ်ပါတယ်။
Hotel Transylvania အန်နီးမေးရှင်းရုပ်ရှင်ဇာတ်ကားနဲ့ ကမ္ဘာမှာ လူသိများတဲ့ ထရန်ဆဲလ်ဗေးနီးယားဒေသက ထရန်စ်ကူလူအီ တောင်တန်းတွေပေါ်မှာ သရုပ်ပြ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။
မိုးပျံးဂျက်ဝတ်စုံကုမ္ပဏီ Gravity Industries နဲ့ ရိုမေးနီးယား အရေးပေါ် အခြေအနေ ကယ်ဆယ်ရေးဌာနတို့ ပူးပေါင်းလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။
အမြင့်ပေ မီတာ ၅၀၀ ကို ၂ မိနစ်နဲ့ ပြန်ပြီး တောင်တက်သမားကယ်ဆယ်မှု သရုပ်ပြ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့ မိုးပျံဂျက်ဝတ်စုံရဲ့ နောက်ဆုံးမော်ဒယ်မှာ အသေးစား ဂျက်အင်ဂျင် ၇ လုံးအထိ ပါဝင်ပါတယ်။
လက်တဖက်ကို အင်ဂျင်နှစ်လုံးစီနဲ့ ကျောပိုးအိတ်မှာ သုံးလုံးတပ်ထားတာ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁,၅၀၀ အားရှိတဲ့ ဒီဝတ်စုံဟာ တနာရီ ၈၅ မိုင်နှုန်းနဲ့ ပေ ၁၂,၀၀၀ ကျော် ပျံသန်းနိုင်ပါတယ်။
Source/Photo-Reuters