ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ အစ္စရေးက ကြေညာထားတဲ့ အစ္စရေး ဗိုလ်မှူးကြီးတဦးကို အဲဒီနေ့ကတည်းက ဖမ်းဆီးထားတာ ဖြစ်ကြောင်း မေ ၂၃ ရက်မှာ ပြောပါတယ်။
တည်းဖြတ်ထားတဲ့ ဗီဒီယိုကလစ်တခုထဲမှာ တပ်မဟာမှူး ဗိုလ်မှူးကြီး အာဆက်ဖ် ဟာမာမိ အသက် ၄၁ နှစ် ဆိုပြီး ဓာတ်ပုံဖိုင်တွေကို အာရဗီ၊ အင်္ဂလိပ်နဲ့ ဟီဘရူး ဘာသာ စာတန်းတွေနဲ့ ပြသထားပါတယ်။
အခု သူ အသက်ရှင်နေသေးလား ဆိုတာကို အတိအကျလည်း မပြော၊ ဘာအထောက်အထားမှလည်း မပြပါဘူး။
ဟာမာမိဟာ သူ့ကိုဖမ်းဆီးချိန်အတွင်း ဒဏ်ရာရခဲ့တာဖြစ်ကြောင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အယ်လ်ကာဆမ် တပ်မဟာက ပြောပါတယ်။
ရိုက်တာက အဲဒီဗီဒီယိုရဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဟာမာမိဟာ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို ဂါဇာမှာ ထိန်းသိမ်းထားကြောင်း အစ္စရေးစစ်တပ်က အရင်လတွေကတည်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters