မြန်မာလေပိုင်နက်ထဲမှာ ပြင်းထန်လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက ၂၀ လောက်ဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေဆဲဖြစ်တယ်လို့ ဆေးရုံက မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ICU ထဲမှာရှိနေတဲ့ လူနာအရေအတွက်က မပြောင်းလဲပါဘူးလို့ ဘန်ကောက် ဆန်မီတာဝေ့ ဆေးရုံကြီးရဲ့ ဒါရိုက်တာဖြစ်သူက ပြောပါတယ်။
ICU ထဲမှာ ရှိနေတယ် ဆိုတာဟာ အနီးကပ်စောင့်ကြည့်ဖို့ လိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့ သူကဆိုပါတယ်။ အသက်ဘေးစိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ဖြည့်စွက်ပြောပါတယ်။
ပျံသန်းမှုမှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက ၄၀ ဟာ ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ပြီး ၂၂ ဦးက ကျောရိုးအာရုံကြောမကြီး ဒဏ်ရာ၊ ၆ ဦးက ဦးနှောက်နဲ့ ဦးခေါင်းခွံဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
စင်ကာပူလေကြောင်းလိုင်းပိုင် ပျံသန်းမှုအမှတ်စဉ် SQ321 လေယာဉ်ဟာ ဗြိတိန်ကနေ စင်ကာပူကို ထွက်ခွာလာစဉ် မြန်မာနိုင်ငံပေါ် အရောက်မှာ ပြင်းထန်လေထုမငြိမ်သက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာ ဖြစ်ပြီး ဗြိတိန်နိုင်ငံသား ၁ ဦးသေဆုံး ခဲ့ပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၄၀ ကျော်ကတော့ စင်ကာပူကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
Source/Photo-Reuters