အက်ဖ်အေဖလားဗိုလ်လုပွဲ မတိုင်ခင် မန်ယူအသင်း စီနီယာကစားသမားတွေ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် အခက်တွေ့ခဲ့ရပေမဲ့ မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ မတိုင်ခင်မှာ လူစုံနီးပါး အသုံးပြုနိုင်တော့မှာပါ။
ကာလရှည်အနားယူခဲ့ရတဲ့ တိုက်စစ်မှူး မာစီယယ် လေ့ကျင့်ခန်းပြန်ဆင်းနေသလို ကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ နောက်ခံလူ လင်ဒီလော့ဖ်တို့လည်း အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။
ဒါ့အပြင် နောက်ခံလူ မာတီနက်ဇ်နဲ့ ဗာရန်းတို့လည်း ပြီးခဲ့တဲ့အပတ်ကတည်းက အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲစဉ်မှာ ပြန်လည်ပွဲထွက်နိုင်မှာပါ။
မန်ယူအသင်းမှာ မာလာစီယာနဲ့ မက်ဂွဲယားတို့ နှစ်ဦးသာ ဒဏ်ရာပြဿနာ ကျန်ရှိနေပြီး မက်ဂွဲယား ပြန်ကစားနိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်က မျှော်မှန်းထားပါတယ်။
Photo-Reuters