Home
အားကစား
လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို ကိုခေါ်ယူရန် အာဆင်နယ်အသင်းနီးစပ်
DVB
·
May 24, 2024
sesko sport 2452024

အာဆင်နယ်အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

အသင်းနည်းပြအာတေတာဟာ လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းကို ပြင်ဆင် ဖို့ စီစဉ်ထားပြီး ဂါဘရီယယ်ဂျေဇုနဲ့ အန်ကတ်တီယာတို့ကို ရောင်းထုတ်သွားဖို့ရှိတာပါ။

သူတို့ကို ရောင်းထုတ်ပြီး လိုက်ပ်ဇစ်အသင်းမှာခြေစွမ်းပြနေတဲ့ ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကို ကိုခေါ်ယူဖို့  စီစဉ်ထားကြောင်း တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြပါတယ်။

အသက် ၂၀ ပဲရှိသေးတဲ့ ဆက်စ်ကိုဟာ အရပ် ၆ပေ ၅ လက်မမြင့်ပြီး ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးတဦးအဖြစ် ချီးကျူးခံနေရသူပါ။

သူဟာ အခုနှစ်ရာသီမှာ လိုက်ပ်ဇစ်နဲ့ ပြိုင်ပွဲစုံမှာ ၁၇ ဂိုးသွင်းယူထားတာပါ။ စာချုပ်ဖျက်သိမ်း ကြေး ပေါင် ၄၃ သန်းသတ်မှတ်ထားပေမဲ့ တိုးတက်လာတဲ့ခြေစွမ်းကြောင့် ပေါင် ၆၄ သန်းလောက် ပေးချေနိုင်မှသာ လိုက်ပ်ဇစ်အသင်းဘက်က လက်ခံစဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။

ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ် သူဘာဆာနိုဗစ်ဟာလည်း အာဆင်နယ်က မန်ယူကို အနိုင်ရတဲ့ပွဲစဉ်ကို လာရောက်ကြည့်ရူခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013