Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ငရုတ်သီးအခြောက်ဈေး ကျဆင်းပြီး တောင်သူများအရှုံးပေါ်
DVB
·
May 24, 2024
Aya 2452024

ဧရာဝတီတိုင်းမှာ ငရုတ်သီးခြောက် တပိဿာကို ငွေကျပ် ၄,၀၀၀ အထိ ဈေးအဆမတန် ကျဆင်းနေမှုကြောင့် ငရုတ်စိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

မနှစ်က ဆောင်းငရုတ်နဲ့ နွေငရုတ်သီးခြာက်တွေ ပေါ်တဲ့အချိန်က ငရုတ်အခြောက် တပိဿာကို ကျပ် ၂၀,၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိ ငရုတ်သီးအခြောက် တပိဿာကို ကျပ် ၄,၀၀၀ အထိ ဈေးကျဆင်းနေမှုကြောင့် တောင်သူတွေ အရှုံးပေါ်နေတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ငရုတ်သီး အခြောက်ဈေးက အဆမတန်ကို ထိုးကျနေတာ။ မနှစ်ကထက် ၃ ဆကျော်ကျော်အထိကို ဈေးက ထိုးကျနေတာ။ ငရုတ်အခြောက်တွေကို ပြည်ပဈေးကွက် မတင်ပို့နိုင်တာနဲ့ ပြည်တွင်း ငရုတ်စိုက်တဲ့သူတွေ များလာတာကြောင့် ပုံမှန်ထက် ဈေးပိုကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ငရုတ်သီးအခြောက်ဈေး ထိုးကျဆင်းနေပေမဲ့ သွင်းအားစု၊ လုပ်သားငှားရမ်းခနဲ့ ကားတင်စရိတ်တို့က ပုံမှန်ထက် ၂ ဆနီးပါး ဈေးပေးနေရတယ်လို့ ငရုတ်စိုက်တောင်သူတွေက ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ တောင်သူတယောက်က “တခြားအသီးတွေ ဈေးတက်တယ်၊ ငရုတ်က ဈေးအရမ်းကျနေတယ်။ မိုးတွေကလည်း ရွာတော့မှာဆိုတော့ မခူးရင် ပုပ်မယ့်အနေအထား ရောက်နေပြီ။ ဈေးမကောင်းသေးလို့ မခူးသေးဘူးဆိုလည်း မရဘူး။ မနှစ်ကလောက် ဈေးမရရင်တောင် အနည်းငယ်ကျရင် တော်သေးတယ်။ အခုက အဆမတန် ထိုးကျဆင်းနေတာ။ ကိုယ်ဝယ်သုံးရတဲ့ ပစ္စည်းတွေကျတော့ အဆမတန် ထိုးတက်ကုန်တာ။ ငုတ်တုတ်ကိုမေ့နေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပီနံသီး၊ အစိမ်းသီး၊ ကျောက်စိမ်းသီး၊ မိုးထောင်သီး စတဲ့ ငရုတ်သီးနှံ အမျိုးအစားတွေကို အဓိကစိုက်ပျိုးကြပြီး ရန်ကုန်ကနေတဆင့် ပြည်ပဈေးကွက်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေ တင်ပို့ရောင်းချနေတာလို့ သိရပါတယ်။

ဒါ့အပြင် ငရုတ်သီးစိုက်ပျိုးရေးလုပ်ငန်းတွေကို ဟင်္သာတ၊ ပုသိမ်၊ သာပေါင်း၊ ငပုတော၊  ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဝါးခယ်မ၊ ဘိုကလေး၊ အိမ်မဲ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ် စတဲ့မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024