Home
အားကစား
ဘန်လေနည်းပြကွန်ပနီ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာရန် ရေပန်းစား
DVB
·
May 24, 2024

ဘန်လေအသင်းနည်းပြ ဗင်းဆင့်ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဖြစ်လာဖို့ ရေပန်း အစားဆုံးဖြစ်လာပါတယ်။

မန်စီးတီးနောက်ခံလူဟောင်းဟာ မနှစ်ကရာသီမှာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အခုနှစ်ရာသီမှာ တန်းပြန်ဆင်းခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြသောမက်စ်တူဟယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လာမယ့်ရာသီ အတွက် နည်းပြသစ်တဦးရှာဖွေနေပြီး ကွန်ပနီက ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။

ဘိုင်ယန်အသင်း တာဝန်ရှိသူတွေဟာ နည်းပြကွန်ပနီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်သဘောတူညီမှုတော့ မရရှိသေးဘူးလို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြပိုချက်တီနိုကိုလည်း အသင်းရဲ့ လျာထားနည်းပြစာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘရိုက်တန်အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြ ဒီဇာဘီဟာလည်း ဘိုင်ယန်မြူးနစ်နည်းပြ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းတာတွေရှိပါတယ်။

ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ အလွန်ဆို၊ နာဂယ်စ်မန်း၊ ရက်ဖ်ရင်းနစ်ခ်တို့ကို ကမ်းလှမ်းခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြဒီဇာဘီကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်တယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြပါတယ်။

ဒီဇာဘီဟာ ဘရိုက်တန်အသင်းကို တိုက်စစ်အသားပေးအသင်းအဖြစ် တည်ဆောက်ခဲ့ပြီး မနှစ်က ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရရှိအောင်စွမ်းဆောင်ခဲ့ပြီး အခုနှစ်ရာသီမှာတော့ အဆင့်၁၀မှာရပ်တည်နေပါတယ်။

Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013