မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း အာဆင်နယ်၊ စပါးနဲ့ ပြင်သစ်နောက်ခံလူဟောင်း ဝီလီယံဂါးလက်စ်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၇ ဂိုးသာ ရခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ ပြန်လည်မြင့်တက်လာဖို့ဆိုရင် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း ဝီလီယံ ဂါးလက်စ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ ဒဏ်ရာပြဿနာတွေသာ မရှိခဲ့ဘူးဆိုရင် ခြေစွမ်းပြသနိုင်တဲ့ ကစားသမား ဖြစ်ပြီး ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ ဝီလီယံဂါးလက်စ်က ပြောပါတယ်။
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်နောက်ခံလူဟောင်း ဂါးလက်စ်ဟာ ပြင်သစ်ကလပ်တွေဖြစ်တဲ့ ကိန်း၊ မာဆေးလ် အသင်းတွေကနေ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးနဲ့ ပါ့သ်ဂလိုရီ အသင်းတွေမှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters