Home
မြန်မာသတင်း
ဒေးဒရဲတွင် လူငယ် ၃ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
DVB
·
May 23, 2024
Jail 2352024

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့မှာ လက်နက်တွေနဲ့အတူ တွေ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦးကို ဖျာပုံခရိုင်တရားရုံးက ထောင်ဒဏ် တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထောင်ဒဏ်တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူတွေဟာ ကိုလှိုင်မျိုးကျော်၊ ကိုစိုးမိုးနဲ့ ကိုငှက်ကလေးတို့ဖြစ်ပြီး ကိုလှိုင်မျိုးကျော်ကို ထောင်ဒဏ်တသက်တကျွန်း၊ ကိုစိုးမိုးနဲ့ ကိုငှက်ကလေး တို့ကို ထောင်ဒဏ် ၁၅ နှစ်စီ ဖျာပုံခရိုင် ထောင်တွင်းတရားရုံးက မေ ၁၆ ရက်မှာ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက “အခုထောင်ချတဲ့သူတွေကတော့ ကိုလှိုင်မျိုးကျော်၊ ကိုလှိုင်မျိုးကျော်ကတော့ တကျွန်းချခံရတယ်။ ကျန်တဲ့ ၂ ယောက်က‌တော့ နှစ်ရှည်ထောင်ဒဏ် ၁၅ နှစ်စီ အချခံခဲ့ရတယ်။ သူတို့အားလုံးကို ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ” လို့ ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့အထဲမှာပါတဲ့ ဒေးဒရဲမြို့နယ်၊ ကျိတ်တောရွာက ကိုနိုင်မျိုးရွှေကိုတော့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ဖျာပုံခရိုင်တရားရုံးက ဖျာပုံမြို့မှာ တော်လှန်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၄ ဦးထဲက ၇ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ၇ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013