Home
နိုင်ငံတကာ
အီရန်သမ္မတ ကွယ်လွန်မှုအပေါ် ကင်မ်ဂျုံအန်း ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
DVB
·
May 21, 2024
KimJongUhn_21052024

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီ ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးဖို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မေ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သဝဏ်လွှာထဲမှာ ကင်မ်က ရိုင်စီရဲ့ ကွယ်လွန်မှုဟာ အီရန်နိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပြီး ဝမ်းနည်းပူဆွေးနေတဲ့ မိသားစုတွေလည်း အမြန်ဆုံး ပြန်သက်သာရာရဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

သူဟာ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ရာမှာနဲ့ အစ္စလာမ့်တော်လှန်ရေးရဲ့ အကျိုးရလဒ်ကောင်းတွေကို လုပ်ဆောင်ရာမှာ ပြောင်မြောက်တဲ့ နိုင်ငံ့ဝန်ထမ်းလည်းဖြစ်ပြီး အီရန်ပြည်သူတွေအတွက် မိတ်ဆွေရင်းချာတဦးလည်းဖြစ်ကြောင်း ကင်မ်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး KCNA က ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားနဲ့ အီရန်တို့ဟာ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သံသယရှိပြီး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ဖလှယ်တာဖြစ်နိုင်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024