Home
နိုင်ငံတကာ
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်
DVB
·
May 21, 2024
Gold_21052024

အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒဖြေလျှော့မှုနဲ့ အရှေ့အလယ်ပိုင်းမှာ ပထဝီနိုင်ငံရေး တင်းမာမှုကြောင့် ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင်မြင့်တက်ခဲ့ပြီး မေ ၂၀ ရက်က အမြင့်ဆုံးအချိန်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂,၄၅၀ အထိ မြင့်တက်ခဲ့ပါတယ်။

အာရှစျေးကွက်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တအောင်စကို အတိအကျအားဖြင့် ဒေါ်လာ ၂,၄၅၀ ဒသမ ၀၇ အထိ ရှိလာခဲ့တဲ့အတွက် ဧပြီလစံချိန်ကို ကျော်သွားခဲ့ပါတယ်။ ၂၀ ရက် ညနေပိုင်းမှာတော့ ၂,၄၄၀ အထိ ပြန်ဆင်းသွားခဲ့ပါတယ်။

အမေရိကန်ရွှေ အနာဂတ်စျေးကလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းတက်ပြီး ၂,၄၅၃ ဒသမ ၂၀ အထိ ရောက်ရှိခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးရွှေရန်ပုံငွေအဖွဲ့ SPDR ကလည်း ပြီးခဲ့တဲ့အပတ်က ရွှေ ၆ ဒသမ ၆၂ တန် ထပ်ဝယ်ခဲ့ပါတယ်။

စျေးကွက်ဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ မူဝါဒကို စောင့်ကြည့်နေတာဖြစ်ပြီး ငွေဖောင်းပွတဲ့ အချိန်ဆိုရင် ရွှေဟာ အဓိက ရင်းနှီးမြှုပ်နှံစရာ ဖြစ်လာလေ့ရှိပါတယ်။

အမေရိကန်ဗဟိုဘဏ်က ဒီနှစ်ထဲမှာ အတိုးနှုန်းတွေ နှစ်ကြိမ်လျှော့ဖို့ရှိတယ်လို့ မှန်းထားပါတယ်။

တရုတ်မှာ အိမ်ခြံမြေစျေးကွက် အခြေမလှတာကြောင့် အစိုးရက အပေါင်ချေးငွေ စည်းမျဉ်းတွေ ဖြေလျှော့ပေးတာ အပါအဝင် စီးပွားရေးအရှိန်မြှင့်အစီအမံတွေ ထုတ်ပြန်ခဲ့တာကလည်း သက်ရောက်မှုရှိပါတယ်။

အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ခဲ့မှုကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာမှာကို စိုးရိမ်နေကြတဲ့ အချက်ကလည်း ရွှေစျေးကို ပိုအားကောင်းစေခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013