အင်္ဂလန်အသင်းလူစာရင်းမှာ နောက်တန်းကစားသမားတွေ ဒဏ်ရာပြဿနာရှိနေလို့ လူစာရင်း ထုတ်ပြန် ဖို့အတွက် အခက်တွေ့နေရပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးသွားပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် အသင်းလူစာရင်းကို ထုတ်ပြန်ရတော့မှာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေအပြင် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ကစားသမားတွေလည်း ရှိနေတာကြောင့် ရွေးချယ်ရေးမှာ အခက်တွေ့နေရတာပါ။
ခံစစ်ပိုင်းမှာ မန်ယူနောက်ခံလူ လုခ်ရှောက ဒဏ်ရာရရှိ နေသလို မက်ဂွဲယား၊ ရိစ်ဂျိမ်းစ်နဲ့ ဘင်ချီဝဲလ်တို့ဟာလည်း ပွဲကစားချိန်နည်းပါးခဲ့ပြီး နယူးကာဆယ်က ထရစ်ပီယာ၊ မန်စီးတီးက ဂျွန်စတုန်းစ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေရခဲ့ပြီးနောက် ပွဲထွက်ခွင့်နည်း ပါးခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ဗီလာက ခွန်ဆာ၊ ချဲလ်ဆီးက ကိုလ်ဝဲလ်၊ လီဗာပူးက ဂျိုး ဂိုမက်ဇ်တို့ အတွက် အခွင့်အရေးရနိုင်ပါတယ်။
ဂျက်ဂရေးလစ်ရှ်၊ ရက်ရှ်ဖို့ဒ်၊ အိုင်ဗန်တိုနေး၊ မက်ဒီဆန်နဲ့ စတာလင်တို့အတွက်တော့ အသင်းလူစာရင်းမှာပါဝင်နိုင်ဖို့ ရုန်းကန်ရနိုင်တယ်လို့ သိရပါတယ်။
Photo - Reuters