Home
အားကစား
လက်ရွေးစင်အသင်းနှင့်  ၂ နှစ်ကြာဝေးနေသည့် ကန်တေကို ပြင်သစ်အသင်း ပြန်ရွေးချယ်
DVB
·
May 21, 2024

ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာမှာ လက်ရွေးစင်အသင်းနဲ့ ၂ နှစ်ကြာဝေးနေတဲ့ ကွင်းလယ်လူ ကန်တေကို ပြန်လည်ရွေးချယ်ခဲ့ ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ကန်တေဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း လွဲချော်ခဲ့ပါတယ်။

အဲဒီနောက် အခုနှစ်ရာသီမှာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ကြံ့ခိုင်မှုကောင်းမွန်စွာ ကစားနိုင်ခဲ့တာပါ။

ပြင်သစ်နည်းပြ ဒက်စ်ရွန့်စ်ဟာ အသက် ၃၇ နှစ်ရှိ တိုက်စစ်မှူး အိုလီဗီယာဂျရူးကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက လူငယ်နှစ်ဦးဖြစ်တဲ့  အမ်မရီနဲ့ ဘာကိုလာတို့ ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

ပြင်သစ်အသင်းကို တိုက်စစ်မှူး အမ်ဘာပေကဦးဆောင်မှာဖြစ်ပြီး သြစတြီးယား၊ ဟော်လန်၊ ပိုလန်အသင်းတွေနဲ့ ယူရိုပြိုင်ပွဲအုပ်စုအဆင့်မှာ တွေ့ဆုံနေပါတယ်။ 

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024