ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက ခုထိအတွင်း ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ဂရိတ်ဝေါ မာရသွန် ပြိုင်ပွဲကို မေ ၁၈ ရက်က ပြန်လည်ကျင်းပခဲ့ပါတယ်။
အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတဲ့ ကြားက နိုင်ငံပေါင်း ၅၈ နိုင်ငံက အပြေးသမား ၈၁၈ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီပွဲမှာ မာရသွန်၊ တဝက် မာရသွန်နဲ့ ၉ ဒသမ ၅ ကီလိုမီတာ သတ်မှတ်ထားတဲ့ အပျော်တမ်း အပြေးပွဲ 'Fun Run' အပါအဝင် အကွာအဝေး သုံးမျိုးကို ကမ်းလှမ်းထားတယ်လို့ ပွဲစီစဉ်သူ အယ်လ်ဘာထရော့စ်စွန့်စားမှု အခြေပြု မာရသွန်အသင်းက ပြောပါတယ်။
အကြီးဆုံးအဖွဲ့ထဲမှာ အမေရိကန်က အပြေးသမား ၈၈ ဦး ပါဝင်ခဲ့ပါတယ်။ အခုနှစ်မှာ လူ ၃၆၆ ဦးက အပြည့်မာရသွန်ပြိုင်ပွဲကို စာရင်းသွင်းခဲ့ပြီး ၃၅၂ ဦးက တဝက်မာရသွန် ပြေးပွဲအတွက် စာရင်းသွင်းခဲ့တာပါ။ 'အပျော်ပြေးပွဲ' အမျိုးအစားထဲမှာ နောက်ထပ် လူအယောက် ၁၀၀ က ပါဝင်ဆင်နွှဲ ခဲ့ပါတယ်။
Source/Photo - Reuters