ဂျာမနီနိုင်ငံအနောက်ပိုင်း ဒူဆယ်လ်ဒေါ့ဖ်မြို့ရှိ တိုက်ခန်းအဆောက်အအုံတခုမှာ အားပြင်းတဲ့ ပေါက်ကွဲမှုတခု မေ ၁၆ ရက် အစောပိုင်းက ဖြစ်ပွားခဲ့ရာမှာ လူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့ပြီး ဒဏ်ရာရသူတွေထဲက ၂ ဦးဟာ အသက်လုနေရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၆ ထပ်အဆောက်အအုံရဲ့ မြေညီထပ်ရှိ ယာယီနေရာတခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ဆက်တွဲ မီးလောင်မှုရဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။
တစိတ်တပိုင်း ပျက်စီးနေတဲ့ အဆောက်အအုံကနေ လမ်းတဖက်မှာ ရပ်ထားတဲ့ မော်တော်ကား အများအပြား မီးလောင်ခဲ့ပြီး အပျက်အစီးတွေကလည်း ဧရိယာအနှံ့ ပြန့်ကျဲနေပါတယ်။
ဒူဆယ်လ်ဒေါ့ဖ်မြို့ မီးသတ်ဌာနရဲ့ အဆိုအရ အခင်းဖြစ်ပွားရာကို မီးသတ်သမား ၁၀၀ ကျော် စေလွှတ်ဖြန့်ကျက်ထားပြီး မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ Source/Photo-Reuters
Source/Photo-Reuters