အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၊ ပါဂါနပ်စ်ခရိုင်ထဲက ရွာသားတွေဟာ ဒေသတွင်း ပြင်းထန်တဲ့ အပူလှိုင်းကြောင့် ရေအရင်းအမြစ်တွေ အများစု ခြောက်ခန်းကုန်တဲ့အတွက် ဆိုးဆိုးရွားရွား ရေပြတ်တာကို ရင်ဆိုင်နေရပါတယ်။
ရွာသားတွေရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ရေတွင်းအများစု ခြောက်ခန်းသွားပြီး အလုပ်မဖြစ်တော့လို့ ကီလိုမီတာ အတော်များများ လမ်းလျှောက်သွားရတဲ့ နေရာက လက်ကျန် ရေရင်းမြစ်တခုဆီ သွားနေရတယ်လို့ အသက် ၅၇ နှစ်အရွယ် စူချီထရာ ဟယ်ဒယ်က ပြောပါတယ်။
ဒေသတွင်း ပင်မရေရင်းမြစ်ဖြစ်တဲ့ ရေကန်ကြီးလည်း ခန်းသွားပြီး ခုတော့ ရေက ခြေကျင်းဝတ်အထိပဲ ကျန်တော့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဧပြီကနေ ဇွန်လအတွက် အပူလှိုင်းဖြတ်တဲ့ရက်တွေ အရေအတွက် မကြုံစဘူး မြင့်တက်နေတယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပြီး နိုင်ငံအစိတ်အပိုင်း အများစုမှာ အပူချိန်မြင့်တာကို ခံစားနေရပါတယ်။
ဥတ္တာပရာဒေ့ရှ်၊ အနောက်ဘန်ဂေါနဲ့ ဘီဟာပြည်နယ်တို့ရှိရာ ဂင်္ဂါမြစ်ဝှမ်းဒေသကြီးကတော့ အပူလှိုင်းဒဏ် အဆိုးဆုံး သက်ရောက်တဲ့ ဒေသတွေထဲက တချို့ဖြစ်ပါတယ်။
Source/Photo-Reuters