Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင် တရုတ်ခရီးစဉ်အတွင်း ယူကရိန်းအရေး၊ စွမ်းအင်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမည်
DVB
·
May 15, 2024
FILE PHOTO: Belt and Road Forum in Beijing

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်နိုင်ငံဆီကို မေ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ သွားရောက်လည်ပတ်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၄ ရက်မှာ အတည်ပြုပါတယ်။

ပူတင်ရဲ့ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးအသစ်ကိုပါ ခေါ်လာခဲ့မှာဖြစ်ပြီး ယူကရိန်းအရေး၊ စွမ်းအင်နဲ့ ကုန်သွယ်ရေးတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

ပူတင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရို့စ်နက်ဖ် စွမ်းအင်ကုမ္ပဏီ၊ Sberbank အစိုးရဘဏ်နဲ့ ရုရှားရဲ့ ဒုတိယအကြီးဆုံး VTB ဘဏ်တို့က အကြီးအကဲတွေလည်း ပါပါတယ်။

ဒါဟာ ပူတင်ရဲ့ ၆ နှစ် သမ္မတသက်တမ်းအသစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး ရုရှားက တရုတ်နဲ့ ဆက်ဆံရေး နက်ရှိုင်းလာတဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။

၂၀၂၂ ဖေဖော်ဝါရီမှာ ပူတင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်နဲ့ ရုရှားတို့ဟာ အကန့်သတ်မဲ့ မိတ်ဖက်အဖြစ် ကြေညာခဲ့တာပါ။

အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖို့ စစ်တပ်တွေ အင်အား ထောင်သောင်းချီ စေလွှတ်ခဲ့လို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက် အများဆုံး မြေပြင်စစ်ပွဲ ပေါ်ပေါက်ခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် ပူတင်နဲ့ အသက် ၇၀ အရွယ် ရှီကျင့်ဖျင်တို့ဟာ ပူတင်ရဲ့ ခရီးစဉ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုတဲ့ ၇၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပဖို့ ရှိနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013