Home
သတင်းဓာတ်ပုံ
အမျိုးသမီးရဲမေများ ပါဝင်သည့် CDF ဒိုင် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
May 16, 2024
CDF Daai10_16052024
CDF Daai09_16052024
CDF Daai08_16052024
CDF Daai07_16052024
CDF Daai06_16052024
CDF Daai05_16052024
CDF Daai04_16052024
CDF Daai03_16052024
CDF Daai02_16052024
CDF Daai01_16052024

ချင်းပြည်ကာကွယ်ရေးတပ်ဦး-ဒိုင် (CDF-Daai) ရဲ့ အမှတ်စဉ် ၅ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မေ ၁၅ ရက်မှာ  CDF-Daai ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းကာလ ၂ လ ကြာမြင့်ခဲ့ပြီး ဒိုင်ဒေသက ရဲဘော် အယောက် ၅၀ နဲ့ ရဲမေ အယောက် ၅၀ သင်တန်းသား စုစုပေါင်း အယောက် ၁၀၀ တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။

CDF Daai ပြန်ကြားရေးတာဝန်ခံက “သင်တန်းကာလမှာ သင်တန်းသားတွေက အတော်ကြိုးစားကြတယ်။ စစ်ပညာဖြစ်တာကြောင့် ကြမ်းတမ်းတဲ့ဒဏ် ခံနိုင်အောင် သင်တန်းမှာ ပြင်းပြင်းထန်ထန် ထရိန်နင်ပေးပါတယ်။ သင်တန်းသားတွေ ကိုယ်တိုင်ကလည်း စစ်အာဏာသိမ်းမှုကို မလိုချင်ဘူး။ သူတို့ရဲ့ အနာဂတ်တွေ မှေးမှိန်ရပါတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ တော်လှန်ရေးထဲကို ဝင်ရောက်လာသူတွေဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာတွေလည်း သင်ပေးတယ်” လို့ ပြောပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဦး-ဒိုင် (CDF-Daai) ဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေအတွင်းက ဒိုင်ဒေသမှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

Photo-DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013