မန်စီးတီးအသင်းဟာ မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်လာပါတယ်။
မန်စီးတီးဟာ ပွဲပြီးခါနီးမှာ ပင်နယ်တီရခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လက်ကျန် တပွဲအလိုမှာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။
စပါးအသင်းနဲ့ပွဲမှာ ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တဲ့ မန်စီးတီးဂိုးသမား အော်တေဂါကို အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ချီးကျူးသွားပါတယ်။
အော်တေဂါဟာ စပါးနဲ့ပွဲမှာ ပွဲထွက်ဂိုးသမား အီဒါဆန် ဦးခေါင်းထိခိုက်မိတာကြောင့် လူစားဝင်ကစားခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ အပိုင်ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တာပါ။
အဲဒီအချိန်မှာ မန်စီးတီးက တဂိုး ဂိုးမရှိ ရလဒ်နဲ့သာ ဦးဆောင်နေတာဖြစ်ပြီး ကာကွယ်နိုင်ခဲ့ခြင်း မရှိဘူးဆိုရင် သရေရလဒ်နဲ့ ပြီးဆုံးသွားဖို့ရှိတာပါ။
အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါကတော့ ဂိုးသမား အော်တေဂါဟာ မန်စီးတီးအတွက် ဆုဖလားရယူပေးခဲ့တာဖြစ်ပြီး ဂိုးသွင်းခဲ့တဲ့ ဟာလန်း၊ ဒီဘရိုင်းတို့ထက်ပိုပြီး အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
Photo-Reuters