Home
နိုင်ငံတကာ
ကနေရီကျွန်းများမှ ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ ဦးကို ကယ်တင်၊ အနည်းဆုံး ၁ ဦးသေဆုံး
DVB
·
May 14, 2024
SpainRescue_14052024

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ မေ ၁၃ ရက် တနင်္လာနေ့မှာ ဂရန်းကနေရီယာကျွန်းမှ ထွက်ခွာခဲ့လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၇၀ ကို ကယ်ဆယ်ခဲ့ပြီး သေဆုံးသွားသူ တဦးရဲ့ ရုပ်အလောင်းကိုလည်း ဆယ်ယူခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားပါတယ်။

အမျိုးသား ၁၄၀၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၇ ဦး ပါဝင်ကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စပိန်ကယ်ဆယ်ရေးသင်္ဘောတစီးနဲ့ အာဂင်းနဂင်းဆိပ်ကမ်းကို ခေါ်ဆောင်လာခဲ့ပြီး ကြက်ခြေနီဝန်ထမ်းတွေက စောင်တွေပေးအပ်နေတာကို ဗီဒီယိုဖိုင်မှာ ပြသခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ကြက်ခြေနီလုပ်သားတွေက ထမ်းစင်ပေါ်တင်ထားတဲ့ အဖြူရောင် အလောင်းထည့်အိတ်ကို သယ်ဆောင်လာတာကိုလည်း မြင်တွေ့ရပါတယ်။

အခုနှစ် ပထမ ၄ လအတွင်း စပိန်နိုင်ငံကို လှေနဲ့ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ် ကာလတူထက် ၁၉,၈၈၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013