Home
နိုင်ငံတကာ
မွမ်ဘိုင်းတွင် မိုးသက်မုန်တိုင်းကျပြီး ကြော်ငြာဘုတ်ပြိုကျသဖြင့် လူ ၄ ဦး သေဆုံး
DVB
·
May 14, 2024
Mumbairainstorm_14052024

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ မေ ၁၃ ရက် တနင်္လာနေ့က မိုးသက်မုန်တိုင်း ကျရောက်ချိန်အတွင်း ကြော်ငြာဘုတ်ကြီးတခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိကာ ဒါဇင်နဲ့ချီ အများအပြား ပိတ်မိနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသက်မုန်တိုင်းနဲ့အတူ လေပြင်းပါ တိုက်ခတ်ခဲ့တာကြောင့် ဂတ်ကိုပါ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ လူစည်ကားတဲ့ လမ်းဘေးနားမှာ ထောင်ထားတဲ့ ကြော်ငြာဘုတ်ကြီးတခု နေအိမ်တချို့နဲ့ ဓာတ်ဆီပန့်ဆိုင်တဆိုင်တို့အပေါ်ကို ပြိုလဲကျသွားခဲ့လို့ ဆိုင်းဘုတ်အောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေကြပါတယ်။

စည်ပင်ကော်မတီဝင် ဘူရှန် ဂါဂရာနီက “ဂတ်ကိုပါရပ်ကွက်မှာရှိတဲ့ ရာဂျာဝါဒီဆေးရုံမှာ အနည်းဆုံး လူ ၆၄ ယောက်ကို ပို့ထားပါတယ်။ တယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး စုစုပေါင်း ၄ ဦး သေဆုံးသွားပါတယ်။ ဒီမတော်တဆမှုကြောင့် နောက်ထပ် ၄ ဦး သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေလည်း ရရှိထားပါတယ်” လို့ ပြောပါတယ်။

မိုးသက်လေပြင်းကြောင့် မွမ်ဘိုင်းလေဆိပ်မှာ လေယာဉ်ပျံသန်းမှု ယာယီပြတ်တောက်ခဲ့ပြီး လေကြောင်းခရီးစဉ် ၁၅ ခုနဲ့ လေဆိပ်လုပ်ငန်း လည်ပတ်မှုတွေကို တနာရီကျော်ကြာ ဆိုင်းငံ့ထားကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013