Home
အားကစား
မန်ယူအသင်း ယူရိုကွန်းဖရင့်လိဂ်ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရဖွယ်ရှိ
DVB
·
May 14, 2024
ManchesterUnited_14052024

မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ယူရိုကွန်းဖရင့်လိဂ် ခြေစစ်ပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

မန်ယူအသင်းဟာ လက်ကျန်နှစ်ပွဲအလိုမှာ အဆင့် ၈ နေရာ ရောက်ရှိနေတာကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲထက် အဆင့်နိမ့်တဲ့ ယူရိုကွန်းဖရင့်လိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခွင့်ရဖို့ ရှိနေတာပါ။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်မယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲနှစ်ခုကို လွဲချော်မှာပါ။

ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင်တော့ ဥရောပပြိုင်ပွဲ ၃ ခုမှာ အဆင့်အနိမ့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ယူရိုကွန်းဖရင့်လိဂ်ပြိုင်ပွဲ ပလေးအော့ဖ်အဆင့်ကနေ စတင်ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။

မန်ယူအသင်းအနေနဲ့ ကွန်းဖရင့်လိဂ်ပြိုင်ပွဲကစားခွင့် ရဖို့အတွက် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရဖို့လိုအပ်ပြီး ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ အမှတ်လျော့မှသာ မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013