Home
မြန်မာသတင်း
အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် မဒူနော်အတွက် တရားမျှတမှုရရှိရေး ပူတာအိုဒေသခံများ ဆန္ဒပြ
DVB
·
May 13, 2024
PutaO Child Rape Strike_13052024

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် တိုင်းရင်းသူ မိန်းကလေး မဒူနော်အတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိစေဖို့  မြို့ခံထောင်နဲ့ချီပြီး မေ ၁၃ ရက်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အသက် ၁၅ နှစ်အရွယ် မနော်ဒူဟာ မေ ၁၀ ရက်က နေအိမ်ကနေ စားသုံးဆီသွားဝယ်ဖို့ ထွက်သွားပြီးနောက် ရုပ်အလောင်းကို ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတာလို့ မြို့ခံတွေက ပြောကြပါတယ်။

ဆန္ဒပြရာမှာပါတဲ့ မြို့ခံတစ်ယောက်က “ကျနော့်တသက် ဒီပူတာအိုမှာ ဒီလောက်ဆိုးတဲ့ဖြစ်ရပ်မျိုး မတွေ့ဖူးသေးဘူး” လို့ ပြောပါတယ်။

မဒူနော်ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပူတာအိုပြည်သူ့ဆေးကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်အဝတ်အစားတွေကို ဝတ်ဆင်ကြပြီး မနော်ဒူ နေထိုင်ရာ ဒုတ္တန်ရပ်ကွက်ကနေ ဟိုခိုအထိ လမ်းလျှောက်ချီတက်ခဲ့ကြကာ ပြည်သူ့စစ်တွေကလည်း လုံခြုံရေးယူပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရားခံလို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး အဲဒီအထဲက တယောက်က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားတယ်လို့ မြို့ခံတွေကပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

Photo - Putao Youths, KSR

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013