Home
နိုင်ငံတကာ
တရုတ်ဝယ်လိုအားကြောင့်  ရွှေဈေးစံချိန်တင်မြင့်တက်ဟု  သုံးသပ်
DVB
·
May 13, 2024
Gold_13052024

မျှော်လင့်မထားတဲ့ ဝယ်လက်အသစ်ဖြစ်တဲ့ တရုတ်နိုင်ငံက လက်လီရင်းနှီးမြှုပ်နှံသူတွေပါ ရွှေဈေးကွက်ထဲ ဝင်ရောက်လာတာကြောင့် ကမ္ဘာ့ရွှေဈေးတွေ စံချိန်တင်ထိုးတက်ခဲ့ရတာ ဖြစ်တယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။ 

ဂျပန်အခြေစိုက် Marketedge ကုန်မာဈေးကွက်သုတေသနကုမ္ပဏီ ဥက္ကဋ္ဌ ဆုတိုမူ ကိုဆုဂဲက “ဈေးတက်မယ်မှန်းပြီး ရင်းနှီးမြှုပ်နှံကြသူတွေက အရင်ဈေးတက်မှုတွေကို ဦးဆောင်ခဲ့ပါတယ်။ မတ်လနဲ့ ဧပြီလထဲ သမိုင်းဝင်ဈေးတက်မှုက တရုတ်က ဝယ်လိုအား ပုံမှန်မဟုတ်တာကြောင့် ဈေးကွက်ကို တွန်းတင်သွားတဲ့ ဥပမာတစ်ခုပါပဲ”လို့ သုံးသပ်ပါတယ်။

တရုတ်ရဲ့ ရွှေချောင်းရဲ့ ရွှေဒင်္ဂါးဝယ်လိုအားဟာ ဒီနှစ်ပထမသုံးလပတ်မှာ ၆၈ ရာခိုင်နှုန်းတောင် မြင့်တက်ခဲ့ပြီး ၁၁၀ ဒသမ ၅ တန် ရှိခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီ WCG က ထုတ်ပြန်ပါတယ်။

တရုတ်မှာ အိမ်ခြံမြေဈေးကွက်ပျက်တာ၊ ခရစ်ပတိုငွေကြေးနဲ့ ဒေါ်လာနဲ့ ဝယ်ယူရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တရုတ်အစိုးရက ကန့်သတ်မှုတွေ ချမှတ်လာတာကြောင့် ရွှေဘက်ကို အလုံးအရင်းနဲ့ လှည့်လာကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့ဘဏ်ကလည်း ဧပြီအထိ ၁၈ လ ဆက်တိုက် ရွှေကိုင်ဆောင်မှု ထပ်မံဖြည့်တင်းခဲ့ပါတယ်။

တရုတ်ရဲ့ ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံတွေဟာ သူတို့ရဲ့ အရန်နိုင်ငံခြားငွေမှာ “နိုင်ငံမဲ့ငွေကြေး” လို့ ဆိုနိုင်တဲ့ ရွှေကို အများအပြားထိန်းထားကြပါတယ်။

အဲဒီလို ဗဟိုဘဏ်ကိုယ်တိုင်က ရွှေဝယ်တဲ့အတွက် လက်လီရင်းနှီးမြှုပ်နှံသူတွေကလည်း အာမခံချက်ရှိတယ်လို့ ယုံကြည်စေတယ်လို့ သုံးသပ်ပါတယ်။

Source/Photo - REUTERS/Alexander Manzyuk

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013