Home
အားကစား
ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဟု အမ်ဘာပေ အတည်ပြု
DVB
·
May 12, 2024
Mbappe_12052024

စိန်ခေါ်မှုအသစ်တွေ လိုအပ်လို့ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်စစ် မှူး အမ်ဘာပေက အတည်ပြု ပြောသွားပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေတဆင့်  တရားဝင်ကြေညာခဲ့တာပါ။

လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် တူးလုစ်နဲ့ လီဂူဝမ်းပွဲစဉ်ဟာ အမ်ဘာပေရဲ့ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်လာမှာပါ။

ပြင်သစ်နိုင်ငံရဲ့ အကြီးမားဆုံးကလပ်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းမှာ  ကစားခွင့်ရခဲ့တာက အလွန်ဂုဏ်ယူစရာကောင်းပြီး အသင်းနည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ကြောင်း အမ်ဘာပေက ပြောပါတယ်။

အသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက်မှာ စိန်ခေါ်မှုအသစ်တွေ လိုချင်တာကြောင်း ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို အမြဲတမ်း အားပေးနေမှာဖြစ်ကြောင်း အမ်ဘာပေ ကပြော သွားပါတယ်။

အမ်ဘာပေအနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ ပြောမသွားပေမဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013