Home
မြန်မာသတင်း
ငပုတော အန်အယ်လ်ဒီပါတီအလုပ်အမှုဆောင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံး
DVB
·
May 11, 2024
Hine 1152024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းက ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ငပုတောမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်တယောက် မနေ့ မေလ ၉ ရက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီ သိရပါတယ်။

ဖမ်းဆီး စစ်ဆေးခံရတုန်း သေဆုံးသွားသူဟာ ငပုတောမြို့နယ်၊ မရမ်းကွင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၅ နှစ် အရွယ် ဦးသန်းထွန်းဆိုသူဖြစ်ပြီး PDF တွေကို ထောက်ပံ့နေတာကြောင့်လို့ စွပ်စွဲပြီး မေ ၅ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက သူ့နေအိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ငပုတောမြို့နယ် အန်အယ်လ်ဒီပါတီဝင်တယောက်က “ဘာကြောင့် သေတယ်ဆိုတာကို မေးတာ မပြောဘူးတဲ့၊ စစ်တပ် က။ အလောင်းကိုပဲ လာကြည့်ဖို့ တပ်စခန်းကိုခေါ်တာလို့ သိရတယ်။ သေဆုံးသူက အန်အယ်လ်ဒီပါတီရဲ့ ငပုတောမြို့နယ် အလုပ်မှုဆောင်ဆိုတာဟုတ်ပါတယ်” လို့ ပြောပါတယ်။

ဦးသန်းထွန်းကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးတဲ့အချိန်ကလည်း ရိုက်နှက်ခေါ် ဆောင်သွားတာကို တွေ့မြင်လိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း ဟိုင်းကြီးကျွန်းမြို့မှာ အခြေချ နေထိုင်တဲ့ ရခိုင်လူမျိုး ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက လာရောက် ဖမ်းဆီးသွားသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024