အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာ့ဂ်လန်ပြည်နယ်မှာ မေ ၁၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုအပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောကြားခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
ဘာ့ဂ်လန်ပြည်နယ်ထဲက ခရိုင် ၅ ခုကျော်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲ့ဒီမှာ လူ ၁၅၀ ကျော် ပိတ်မိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်းလည်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မာတီးန် ခါနီးက ပြောပါတယ်။
သောကြာညပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်း ၂ ကြိမ်ဖြစ်မယ်လို့ ခန့်မှန်းထားကြောင်းလည်း ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက အဲဒီဒေသကို အဖွဲ့တွေနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ထားပြီး ဒါပေမယ့် ရဟတ်ယာဉ်တွေမှာ ညဘက်အလင်းရောင် ပြတ်လပ်မှုကြောင့် စစ်ဆင်ရေး မအောင်မြင်နိုင်ဘူး လို့လည်း ခါနီး က ပြောပါတယ်။
Source/Photo - Reuters