ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို မေ ၁၀ ရက် ရုရှား သံချပ်ကာတပ်တွေ ထိုးစစ်ဆင်ခဲ့ပြီး အရှေ့နဲ့တောင်ဘက် စစ်မျက်နှာတွေအပြင် စစ်မျက်နှာသစ် ထပ်မံ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
ဒေသနယ်စပ်ဧရိယာတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ယူကရိန်းက စစ်ကူတွေ စေလွှတ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အရှေ့ဖျားမြို့ ဗော့ချန့်စ်ကိုလည်း ရုရှားက ပဲ့ထိန်းဝေဟင်ဗုံးတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်နေတယ် လို့ ဆိုပါတယ်။
ရုရှားက အဲဒီလားရာဘက်မှာ တန်ပြန်ထိုးစစ်လှိုင်းလုံးသစ်ကို စတင်လိုက်ပါတယ်။
အဲဒီဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်”လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောပါတယ်။
ယူကရိန်းဟာ ခံစစ်ခွင်ကို ဖြန့်ကျက်ထားရပြီး လက်နက်အင်အား၊ လူအင်အားမမျှတတဲ့ အခြေအနေမှာ ရုရှားက စစ်မျက်နှာ ထပ်ဖွင့်လာတာကို ခက်ခက်ခဲခဲခုခံရဖို့ရှိ နေပါတယ်။
ရုရှားဟာ ဒီနွေဦး ဒါမှမဟုတ် နွေရာသီမှာ အကြီးစားထိုးစစ်ဆင်ဖို့ ပြင်နေတယ်လို့ ဇလန်စကီးက အရင်ကတည်းက သတိပေးထားတာဖြစ်ပါတယ်။
ရုရှားရဲ့ သံချပ်ကာမြေပြင်တပ်တွေဟာ နံနက် ၅ နာရီဝန်းကျင်မှာ ထိုးစစ်ဆင်ခဲ့ပြီး ခါကိဗ်ဒေသထဲ ကို တိုးဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီဌးဌာနက ထုတ်ပြန်ပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေ ယူကရိန်းနယ်မြေထဲ ၁၀ ကီလိုမီတာလောက်အထိ နောက်ဆုတ်ရပြီး ကြားခံဇုန်ဖြစ်လာအောင် ကြိုးစားနေတာဖြစ်ပေမဲ့ ဆက်တောင့်ခံနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ် တဦးက ရိုက်တာကို ပြောပါတယ်။
Source/Photo - Reuters