နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ တိုက်ခိုက်မှုတခု ဖြစ်လာရင် မဟာမိတ်နိုင်ငံကို ပံ့ပိုးကူညီဖို့ တပ်ဖွဲ့တွေကို မြန်မြန်ဆန်ဆန် နေရာချပုံချနည်းတွေကို လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုကို မေ ၁၀ ရက်က အက်စ်တိုးနီးယားမှာ အတူလေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တွေထဲက တနိုင်ငံဖြစ်ဖြစ် တိုက်ခိုက်ခံရချိန်မှာ ကျန်မဟာမိတ် တွေအနေနဲ့ တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်အောင် ကူညီပေးနိုင်ဖို့ ရည်ရွယ်ကြောင်း အက်စ်တိုးနီးယား ရှိ နေတိုးအဖွဲ့ရဲ့ EFP တိုက်ပွဲအဖွဲ့ကို ဦးဆောင်နေသူဗြိတိန်ဗိုလ်မှူးချုပ် ဂျိုင်းလ်စ် ဟဲရစ်စ် က ပြောကြားပါတယ်။
ယူကရိန်းတောင်ပိုင်းမှာ ဖြစ်ပွားနေတာတွေကလည်း သင်ယူဖို့ လိုအပ်တဲ့ သင်ခန်းစာတွေကို ပေးနေတာပါလို့လည်း ဟဲရစ်စ်က ဆိုပါတယ်။
ဗြိတိန်စစ်တပ်ရဲ့ အမှတ် ၁၆ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ခွဲမှူး ဗိုလ်မှူးချုပ် မတ်ခ်ဘယ်ရီ ကလည်း ဒီလေ့ကျင့်ခန်းရဲ့ တိကျတဲ့ ရည်ရွယ်ချက်က မဟာမိတ်တစ်ဦးကို ပံ့ပိုးကူညီဖို့၊ မဟာမိတ်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လို အကောင်းဆုံး လုပ်ဆောင်ရမလဲဆိုတာ နားလည်နိုင်ဖို့၊ မတူညီတဲ့ နည်းလမ်းပေါင်းများစွာကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အသုံးချဖို့ပါ လို့ ပြောဆိုပါတယ်။
Steadfast Defender အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းမှာ နေတိုးမဟာမိတ် ၃၂ နိုင်ငံမှ တပ်ဖွဲ့ဝင် ၉ သောင်းလောက် ပါဝင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။
Source/Photo - Reuters