Home
အားကစား
ကတ်စမဲရိုးနေရာအတွက် ဘင်ဖီကာကြယ်ပွင့်ကို ပေါင်သန်းရာချီပေး ခေါ်ယူရန် မန်ယူပြင်ဆင်
DVB
·
May 11, 2024
mna sport 1152024

မန်ယူအသင်းဟာ ဝါရင့်ကွင်းလယ်လူ ကတ်စမဲရိုးရဲ့နေရာအတွက် ဘင်ဖီကာကြယ်ပွင့် ဂျိုအာနီဗက်စ်ကို ပေါင်သန်းရာချီပေးပြီး ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

ဘရာဇီးကွင်းလယ်လူ ကတ်စမဲရိုးဟာ ခရစ္စတယ်ပဲလေ့ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းဆိုးရွားခဲ့ပြီး အသက်အရွယ်အရလည်း အကျပိုင်းရောက်လာတဲ့အပေါ် မန်ယူအသင်းက အစားထိုးနိုင်မယ့် ကစားသမားကြိုတင်ရှာဖွေလာခဲ့တာပါ။

ပေါ်တူဂီသတင်းစာ Record ရဲ့ အဆိုအရ မန်ယူအသင်းဟာ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဂျိုအာနီဗက်ဇ်စ်ကို ခေါ်ယူဖို့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်း ၁၀၅ သန်းအထိ ပေးချေဖို့ ရှိတယ်လို့ ဖော်ပြပါတယ်။

အရပ် ၅ ပေ ၉ လက်မရှိ နီဗက်စ်ဟာ ဘင်ဖီကာလူငယ်အသင်းကနေထွက်ပေါ်လာတဲ့ ကစားသမားတဦးဖြစ်ပြီး သူ့အသက် ၁၇ နှစ်လောက်ကတည်းက အသင်းကြီးမှာ ပါဝင်ခဲ့သူပါ။

ကွင်းလယ် ခံစစ်ကစားသမားဖြစ်သူ နီဗက်စ်ဟာ  အခုနှစ်ရာသီမှာ ဘင်ဖီကာအသင်းရဲ့ ပွဲတိုင်းမှာပါဝင်ကစားခွင့်ရနေပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံနေရသူ ဖြစ်ပါတယ်။ 

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013