ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီဟာ အန္တရာယ်ရှိတဲ့ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုလို့ ခေါ်တဲ့ အကြောင်းအရာကြောင့် တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ မေ ၁၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဒါဟာ တောင်တရုတ်ပင်လယ်ပြင်အရေးမှာ ခါးသီးတဲ့ အပြန်အလှန် ရန်တုံ့ပြန်မှုတွေ သိသိသာသာ တိုးလာနေချိန်မှာ ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်ကြီးတဦးနဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားလာတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
တရုတ်သံရုံးရဲ့ လုပ်ရပ်တွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်မှုနဲ့ အရေးယူခြင်းမရှိဘဲ ကျော်သွားခွင့် မပြုသင့်ဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေး အက်ဒွာဒို အာနိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနီလာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ရှိနေတဲ့ စီးပွားရေး အဆောက်အအုံရဲ့ အပြင်ဘက်မှာတော့ ထူးထူးခြားခြား လှုပ်ရှားမှု မရှိပါဘူး။
တရုတ်သံရုံးကတော့ ဖိလစ်ပိုင်မြို့တော်ရဲ့ တခြားနေရာ အစိတ်အပိုင်းတခုမှာ တည်ရှိနေပြီး ကောင်စစ်ဝန်ဆောင်မှုတွေကတော့ မတူညီတဲ့နေရာတွေမှာ လုပ်ဆောင်ပေးနေပါတယ်။
အာနိုရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သူ့သံတမန်တွေကို သူတို့ရဲ့တာဝန်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် အာမခံပေးဖို့ ဖိလစ်ပိုင်နိုင်ငံကို တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters